

ကျွန်ုပ်၏စက်ပစ္စည်းသည် eSIM နှင့်ကိုက်ညီမှုရှိမရှိ မည်သို့စစ်ဆေးရမည်နည်း။
သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် အောက်ပါအဆင့်များကို လိုက်နာပါ။
iOS စက်ပစ္စည်းများအတွက်-
iOS စက်ပစ္စည်းများအတွက်၊ သင့်စက်ပစ္စည်းသည် ကယ်ရီယာလော့ခ်ကျနေခြင်း ရှိ၊ မရှိနှင့် eSIM ထည့်သွင်းနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်ပြီး ၎င်းမှတစ်ဆင့် သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်ပါသည်။
-
“Settings” သို့သွားပြီး “General” ကို ရွေးချယ်ပါ။
-
ထို့နောက် “About” ကို နှိပ်ပြီး “Service Provider Lock” ဟူသောနေရာသို့ ဆင်းပါ။ “No SIM restrictions” ဟု ဖော်ပြပါက သင့်စက်ပစ္စည်းသည် ကယ်ရီယာလော့ခ်ကျခြင်း မရှိဘဲ eSIM ထည့်သွင်းနိုင်သည်ဟု ဆိုလိုပါသည်။
-
eSIM ထည့်သွင်းနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် သင့် “Settings” သို့သွားပြီး “Mobile” ကို ရွေးချယ်ပါ။
-
သင့်စက်ပစ္စည်းတွင် eSIM ထည့်သွင်းနိုင်ပါက “SIMs” အောက်တွင် “Add eSIM” ရွေးချယ်စရာကို တွေ့ရပါမည်။
သင့် iOS စက်ပစ္စည်းတွင် ကယ်ရီယာလော့ခ်ကျခြင်း မရှိဘဲ “Add eSIM” ရွေးချယ်စရာ ရှိပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။
Android စက်ပစ္စည်းများအတွက်-
-
Samsung စက်ပစ္စည်းများအတွက် “Settings” > “Connections” > “SIM Card Manage” သို့သွားပါ။ “Add Mobile Plan” ရွေးချယ်စရာကို တွေ့ရပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။
-
အခြား Android စက်ပစ္စည်းများအားလုံးအတွက် *#06# ကို ခေါ်ဆိုပါ။ သင့် EID နံပါတ်ကို ကြည့်ရှုနိုင်ပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။
သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် နောက်ထပ်အကူအညီ လိုအပ်ပါက ထုတ်လုပ်သူ၊ ရောင်းချသူ သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုပေးသူထံသို့ တိုက်ရိုက်ဆက်သွယ်ပါ။