Skip to main content
Lady holding a key
Help centreProtecting your rental doesn’t have to be confusing. Find answers to our most frequently asked questions.
Lady holding a key

ကျွန်ုပ်၏စက်ပစ္စည်းသည် eSIM နှင့်ကိုက်ညီမှုရှိမရှိ မည်သို့စစ်ဆေးရမည်နည်း။

သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် အောက်ပါအဆင့်များကို လိုက်နာပါ။

iOS စက်ပစ္စည်းများအတွက်-

iOS စက်ပစ္စည်းများအတွက်၊ သင့်စက်ပစ္စည်းသည် ကယ်ရီယာလော့ခ်ကျနေခြင်း ရှိ၊ မရှိနှင့် eSIM ထည့်သွင်းနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်ပြီး ၎င်းမှတစ်ဆင့် သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်ပါသည်။

  1. “Settings” သို့သွားပြီး “General” ကို ရွေးချယ်ပါ။

  2. ထို့နောက် “About” ကို နှိပ်ပြီး “Service Provider Lock” ဟူသောနေရာသို့ ဆင်းပါ။ “No SIM restrictions” ဟု ဖော်ပြပါက သင့်စက်ပစ္စည်းသည် ကယ်ရီယာလော့ခ်ကျခြင်း မရှိဘဲ eSIM ထည့်သွင်းနိုင်သည်ဟု ဆိုလိုပါသည်။

  3. eSIM ထည့်သွင်းနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် သင့် “Settings” သို့သွားပြီး “Mobile” ကို ရွေးချယ်ပါ။

  4. သင့်စက်ပစ္စည်းတွင် eSIM ထည့်သွင်းနိုင်ပါက “SIMs” အောက်တွင် “Add eSIM” ရွေးချယ်စရာကို တွေ့ရပါမည်။

သင့် iOS စက်ပစ္စည်းတွင် ကယ်ရီယာလော့ခ်ကျခြင်း မရှိဘဲ “Add eSIM” ရွေးချယ်စရာ ရှိပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

Android စက်ပစ္စည်းများအတွက်-

  1. Samsung စက်ပစ္စည်းများအတွက် “Settings” > “Connections” > “SIM Card Manage” သို့သွားပါ။ “Add Mobile Plan” ရွေးချယ်စရာကို တွေ့ရပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

  2. အခြား Android စက်ပစ္စည်းများအားလုံးအတွက် *#06# ကို ခေါ်ဆိုပါ။ သင့် EID နံပါတ်ကို ကြည့်ရှုနိုင်ပါက သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

သင့်စက်ပစ္စည်းသည် eSIM နှင့် တွဲဖက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် နောက်ထပ်အကူအညီ လိုအပ်ပါက ထုတ်လုပ်သူ၊ ရောင်းချသူ သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုပေးသူထံသို့ တိုက်ရိုက်ဆက်သွယ်ပါ။